သတင်းတို
ရွှေလုပ်သား ၂ ဦး ဖမ်းဆီးခေါ်ဆောင်ခံရ
This article has been converted from Zawgyi One to Unicode
ရမည်းသင်းမြို့နှင့် ၇ မိုင်ခန့်အကွာ ရွှေမြင်တင် ဘုရားဝန်းတွင် ပိတ်ဆို့ခံနေရသည့် ရွှေလုပ်သား ၂၀၀၀ ကျော်ထဲမှ ၂ ဦးကို ယနေ့ နံနက် ၈ နာရီတွင် အာဏာပိုင်များက စစ်ဆေးရန်ရှိသည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ၎င်းတို့မှာ လုပ်ကွက်ဇုန် ၁၀ တွင် လုပ်ကိုင်နေသည့် ကိုနေပြည်တော်နှင့် ကိုမင်းဇော်ဦးတို့ ဖြစ်သည်။ မန္တလေးတိုင်း ရမည်းသင်း မြို့နယ်ရှိ မိုးထိ မိုးမိတောင်မှ ရွှေတူးလုပ်သား ၂၀၀၀ ကျော်သည် ရွှေတောမှ နေပြည်တော်သို့ ဆန္ဒပြ ချီတက်လာစဉ် ရမည်းသင်းမြို့ ရွှေမြင်တင် ဘုရားဝန်း၌ လက်နက်ကိုင် လုံထိန်းတပ်ဖွဲ့ဝင် ၂၀၀ ကျော်တို့က ပိတ်ဆို့ ထားသည်မှာ ယနေ့ အပါအဝင် ၄ ရက် ရှိပြီဖြစ်သည်။