သတင်းတို

နိုင်ငံသားဖြစ်မှုအတွက် ရှင်းလင်းသည့်ဥပဒေ ရှိရန်လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ယနေ့ ဆွစ်ဇာလန်နိုင်ငံ ILO ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်အား သတင်းထောက်တယောက်က ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် လက်ခံပါသလားဟု မေးရာ ၎င်းက နိုင်ငံသားဖြစ်မှုအတွက် ရှင်းလင်းသည့် ဥပဒေများ ရှိရန် လိုအပ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် – မြန်မာနယ်စပ် ၂ ဘက်စလုံးတွင် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေရခြင်းသည် ကြီးမားသည့် ပြဿနာဖြစ်ကြောင်း၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများ အမြဲတမ်းရှိနေကြောင်း ဖြေကြားသည်။ ရခိုင်ပြည်တွင်း လူ ၂၀ ကျော် သေဆုံးမှု ပဋိပက္ခနှင့် ဒီမိုကရေစီ စနစ်ဖွံ့ဖြိုးမှုကို ထိပါးစေသော ဘာသာရေးအရ ခွဲခြားဆက်ဆံ ခံရမှုများကို မည်သို့ ဆောင်ရွက်မည်နည်း ဆိုသော မေးခွန်းအား ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတွင်း ပဋိပက္ခများ အဆုံးသတ်ရန် မှန်ကန်ဖြောင့်မတ်သည့် တရားဥပဒေစိုးမိုးမှု အဓိကအရေးကြီးသည်ဟု ထင်ကြောင်း ဥပဒေ ရှိယုံတင်မကဘဲ ကိုယ်တိုင်က ထိမ်းသိမ်းလိုက်နာရန် လိုအပ်ကြောင်း၊ တရားဥပဒေ စိုးမိုးမှုကသာ လူတိုင်းအပေါ် အကာအကွယ် ပေးနိုင်ကြောင်း၊ ယခု ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်မှုသည် သိမ်မွေ့လှပြီး ကိုင်တွယ်ရာ၌ ထိရှလွယ်ကြောင်း၊လူတိုင်း၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုလည်း လိုအပ်ကြောင်း၊ တနိုင်ငံလုံးတွင် ငြိမ်းချမ်းရေး ရရှိရန် လိုအပ်နေကြောင်း ဖြေကြားသွားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading