မြန်မာနိုင်ငံ၏ လျှပ်စစ်မီး အခက်အခဲအတွက် ဂျပန်နိုင်ငံက အမေရိကန် ဒေါ်လာ သန်း၂၀ တန်ဖိုးရှိ အကူအညီ ပေးမည်ဟု ပြောကြား လိုက်သည်။ ယမန်နေ့က တိုကျိုမြို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးနှင့် တွေ့ဆုံစဉ် ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကိုအိချိရို ဂမ်ဘ က ပြောကြားခြင်း ဖြစ်သည်ဟု Japan Today အင်တာနက် စာမျက်နှာတွင် ယနေ့ ရေးထားသည်။ ဂျပန်နိုင်ငံမှ ဓာတ်ဆီနှင့် ဒီဇယ်သုံး တပတ်ရစ် ဂျင်နရေတာ အင်ဂျင် ၁၆ လုံးကို ပေးမည်ဟု ဆိုသည်။ ဦးဌေးဦး သည် ဂျပန် ဝန်ကြီးချုပ် ရိုရှီဟီကို နိုဒါ့ နှင့် လည်း တွေ့ဆုံခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။