သတင်းတို

ကိုကာ ကိုလာ မြန်မာကို ပြန်လာမည်

This article has been converted from Zawgyi One to Unicode

ကမ္ဘာ့ အကြီးဆုံး အချိုရည် ကုမ္ပဏီ တခုဖြစ်သော ကိုကာ ကိုလာ ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ မကြာမီ လာရောက် ရင်းနှီးမြှုပ်နှံပြီး တိုက်ရိုက်ရောင်းချတော့မည် ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုလိုက်သည်။ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ထားသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများကို ပြန်လည်ရုပ်သိမ်းပြီးနောက် ထိုသို့ကြေညာလာခြင်းဖြစ်သည်ဟု AP သတင်းက ဖော်ပြသည်။ မြန်မာနိုင်ငံ တွင် ကိုကာ ကိုလာ တိုက်ရိုက်မရောင်းချသည် မှာ နှစ်ပေါင်း ၆၀ ကျော်ပြီ ဖြစ်ကြောင်း၊ ကမ္ဘာ့ နိုင်ငံများတွင် ကိုကာ ကိုလာ မရောင်းချသည့် နိုင်ငံ ၃ နိုင်ငံရှိရာ ကျူးဘားနှင့် မြောက်ကိုရီးယား ကျန်ရှိနေသေးကြောင်းလည်း ဆိုသည်။ မြန်မာနိုင်ငံတွင်း အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာများကို လုပ်ကိုင်နေသည့် အစိုးရ မဟုတ်သော အဖွဲ့ အစည်းများကို ကိုကာကိုလာက အမေရိကန် ဒေါ်လာ ၃ သန်း လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Loading