သတင်းတို

မသီတာထွေး အမှု အပြီးသတ်ကြားနာမည်

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ် ရမ်းဗြဲ မြို့နယ် ကျောက်နီမော် ကျေးရွာမှ မသီတာထွေး အသက် ၂၆ နှစ်အား အစ္စလမ် ဘာသာဝင် လူငယ် ၃ ဦးက အဓမ္မပြုကျင့်၊ သတ်ဖြတ်ပြီး ရွှေထည် ပစ္စည်းများ လုယူသွားသည့် အမှုကို ယနေ့ ကျောက်ဖြူ ခရိုင် တရားရုံး၌ အပြီးသတ် ကြားနာ မည် ဖြစ်သည်။ တရားရုံးက အမိန့်ချမည်၊ မချမည်ကိုမှု မသိရှိရသေးကြောင်း အမှုကို လိုက်ပါကူညီသူ တဦးက ပြောသည်။ အမှုကို သေဆုံးသူ မသီတာထွေး၏ အစ်ကို ဖြစ်သူက အဓမ္မပြုကျင့်မှု၊ လူသတ်မှု၊ လုယက်မှုများနှင့် စွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။ မေလ ၂၈ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ယင်းအမှုကို ဇွန်လ ၈ ရက်က စတင် ရုံးထုတ် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

Loading