သတင်းတို
ဟင်္သာတမြို့တွင် လုံခြုံရေး တင်းကျပ်
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ပတ်သက်၍ ဧရာဝတီတိုင်း ဟင်္သာတ မြို့ပေါ်တွင် မြို့ခံများက ဘင်္ဂါလီလူမျိုးများကို ဆန္ဒပြ ရှုတ်ချမှုပြုလုပ်ရန် သတင်းပျံ့နေခြင်းကြောင့် မြို့ပေါ်ရှိ မြို့သူကြီးဘုရားနှင့် မြို့တွင်းလမ်းတချို့တွင် လုံခြုံရေး တင်းကျပ်စွာ ချထားကြောင်း သိရ သည်။ မြို့သူကြီး ဘုရားပေါ်တွင် ရဲ ၁၀၀ ကျော်ချထားပြီး မြို့တွင်းမီးပွိုင့်နှင့် လူစည်ကားရာ နေရာများတွင်လည်း ချထားကြောင်း၊ ယမန်နေ့ညက မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း ရခိုင်ပြည်တွင်း ဖြစ်ပွားနေသော ပြဿနာများ ကူးစက်မလာစေရန် မြို့ပေါ်ရှိ ဗလီ တခုစီမှ အစ္စလမ် ဘာသာဝင် နှစ်ဦးစီခေါ်ယူ၍ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်းသိရသည်။ ယနေ့ မြန်မာ စံတော်ချိန် မွန်းလွဲ ၂ နာရီ အထိ ဟင်္သာတမြို့ပေါ်တွင် တည်ငြိမ်လျက်ရှိကြောင်း သိရသည်။