သတင်းတို
ရခိုင်ပြည်နယ် ပဋိပက္ခ စုစုပေါင်း ၅၀ ဦး သေဆုံး
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့် ပဋိပက္ခများကြောင့် မေလ ၂၈ ရက်မှ ယခုလ ၁၄ ရက်နေ့အထိ လူစုလူဝေးမှု ၇၈ ကြိမ်၊ သေဆုံးသူ ၅၀၊ ထိုခိုက်ဒဏ်ရာရသူ ၅၄ ဦးရှိပြီး အဆောက်အအုံ ၂၂၃၀ လုံး ဆုံးရှုံးကြောင်း အစိုးရသတင်းစာများက ကြေညာထားသည်။ နယ်စပ်ရေးရာဝန်ကြီးနှင့် စက်မှုဖွံ့ဖြိုးရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် အဖွဲ့သည် ယမန်နေ့က ရခိုင်ပြည်နယ် မောင်တောရှိ ဖျက်ဆီးခံရသော ရွာ ၇ ရွာသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဘင်္ဂါလီကျေးရွာများသို့လည်း အခြေအနေ မေးမြန်းစုံစမ်းကြောင်း သိရသည်။