သတင်းတို
တပ်မတော်က အာဏာ အလွန်အကျွံသုံးခြင်း စွန့်လွှတ်ရန် ဒေါ်အောင်ဆန်းစုကြည် ပြော
This article has been converted from Zawgyi One to Unicode
Want create site? Find Free WordPress Themes and plugins.
မြန်မာ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု နောက်ပြန်လှည့်မည် မဟုတ်ကြောင်းနှင့် တပ်မတော်အနေဖြင့် အာဏာအလွန်အကျွံသုံးခြင်းကို စွန့်လွှတ်ရမည်ဟု ဥရောပခရီးစဉ်အတွင်း နော်ဝေနိုင်ငံသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။ သို့သော် တပ်မတော်ကို စနစ်တကျ ဖျက်သိမ်းရန် ရည်ရွယ်ပြောဆိုခြင်း မဟုတ်ကြောင်း၊ တပ်မတော်ကို လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့် ဂုဏ်ယူစရာဖြစ်ရန်နှင့် လူထုက လေးစားလောက်သော စစ်တပ်ပီသရန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
Did you find apk for android? You can find new Free Android Games and apps.