သတင်းတို

ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေး ယာယီရပ်ဆိုင်း

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် မြန်မာနိုင်ငံ မြဝတီမြို့ကို ဆက်သွယ်ထားသော နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှ တဆင့် တင်သွင်းနေ သည့် ကုန်ပစ္စည်းများ ယခု ရက်ပိုင်း ယာယီ ရပ်ဆိုင်ထားကြောင်း သိရသည်။ မကြာသေးခင် ရက်ပိုင်းက ကရင်ပြည်နယ် အတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီး မြဝတီ – ကော့ကရိတ် ကားလမ်းပေါ်တွင် တောင်ပြိုကျ၍ လမ်းပိတ်ထားရခြင်း ဖြစ်သည်ဟု ထိုင်း သတင်း များတွင် ဖော်ပြထားသည်။ မဲဆောက်မြို့ နယ်စပ် တလျှောက်ရှိ ဂိတ်များတွင်လည်း အရောင်းအဝယ် အေးနေကြောင်း သိရသည်။

Loading