မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ၆၇ နှစ်မြောက်မွေးနေ့ကို ပြည်ပ အခြေစိုက် မြန်မာ့အမျိုးသမီး သမဂ္ဂ(BWU)က ဂုဏ်ပြုလိုက်သည်။ ဒီမိုကရေစီအရေး လှုပ်ရှားမှုကြောင့် နေအိမ်အကျယ်ချုပ် အကြိမ်ကြိမ် ချထားခြင်းခံရသော ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ ပြည်ပခရီးစဉ်အဖြစ်ရောက်ရှိနေပြီး ထိုခရီးစဉ်အတွင် မိသားစုနှင့် အတူ သူ၏ မွေးနေ့ကိုဖြတ်သန်းရတော့မည်ဖြစ်သဖြင့် BWU က ဝမ်းမြောက်သည်ဟု ဆိုသည်။ ထို့အတူ တိုင်းရင်း သား အဖွဲ့များနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဦးဆောင်ပါဝင်စေချင်ကြောင်းနှင့် စစ်မှန်သော လူထု အုပ်ချုပ်ရေးနှင့် ပြည်ထောင်စုစနစ် ထူထောင်နိုင်ရေးတို့ကို ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ BWU က လက်တွဲ ဝန်းရံသွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။