ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် ၉ ရက်ခန့် ပိတ်ထားခဲ့သည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးကို ယမန်နေ့က ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံမှ ငါးများ တင်ဆောင်လာသော တန် ၉၀ ခန့်ရှိ အအေးခန်း ကုန်သင်္ဘော တစီး ဘင်္ဂလားဒေ့ရှ် ဆိပ်ကမ်းသို့ စတင် ရောက်လာပြီဖြစ်ကြောင်း၊ ယနေ့တွင်လည်း ကုန်တင် သဘောၤများ ထပ်မံရောက်လာရန် ရှိကြောင်း The Daily Star သတင်းတပုဒ် ၌ ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။