ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသမှ အသက် ၂၆ နှစ်အရွယ် မသီတာထွေးအား အဓမ္မပြုကျင့် သတ်ဖြတ် ခဲ့သူများကို ယနေ့ ကျောက်ဖြူခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်သည်။ ပြစ်မှုကျူးလွန်သူ ၃ ဦးအနက် ရှောင်ရှှုး(ခ) ထက်ထက်(ခ) ဖြိုး ဇေယျာကျော် သည် ဇွန်လ ၉ ရက်နေ့တွင် အကျဉ်းထောင်တွင်း၌ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ၍ အဆုံးစီရင်သွားသောကြောင့် ကျန် ရော်ဖိနှင့် လူယု တို့နှစ်ဦးကိုသာ ကြားနာ၍ တရားစီရင်ခဲ့ခြင်း ဖြစ်သည်။ မေလ၂၈ ရက်က ကျောက်နီမော်မှ သပြေချောင်းရွာသို့ ပြန် လာသော မသီတာထွေးအား အဆိုပါ တရားခံ ၃ ဦးက အဓမ္မပြုကျင့်သတ်ဖြတ်ပြီး ရွှေထည်ပစ္စည်း လုယူခြင်းများ ကျူးလွန်ခဲ့၍ ပုဒ်မ ၃၇၆၊ ပုဒ်မ ၃၀၂၊ ပုဒ်မ ၃၉၂ တို့ဖြင့် တရားစွဲဆို အရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။