သတင်းတို

ဂျပန် စစ်တက္ကသိုလ် မြန်မာ ကျောင်းသား များ ခေါ်ယူမည်

This article has been converted from Zawgyi One to Unicode

ဂျပန်နိုင်ငံ စစ် တက္ကသိုလ်၌ တက်ရောက်ရန် မြန်မာနိုင်ငံမှ ကျောင်းသားများကို ခေါ်ယူမည် ဖြစ်ကြောင်း သိရသည်။ သမ္မတ ဦးသိန်းစိန်၏ ဒီမိုကရေစီသို့ ဦးတည်သည့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို အားပေးသည့် အနေဖြင့် ယင်း အစီအစဉ်ကို ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း၌ ဂျပန် ဒု ကာကွယ်ရေး ဝန်ကြီး Hironori Kanazawa ၏ မြန်မာနိုင်ငံသို့ သွားရောက်စဉ် ညှိနှိုင်း ခဲ့သည့် စစ်ပညာရပ် နှင့် သုတေသနဆိုင်ရာများကို အပြန်အလှန်မြှင့်တင်ဖလှယ်ရေး အစီအစဉ်အရ ပြုလုပ်ခြင်း ဖြစ်ကြောင်း Yomiuri Shimbun သတင်းက ဆိုသည်။ ယခု အစီအစဉ်တွင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ကျောင်းသား ၅၈၀ ခန့်ခေါ်ယူရန်ရှိပြီး မြန်မာနိုင်ငံက ပထမဆုံး အကြိမ် ဖြစ်ကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ၁၉၄၁ ခုနှစ်က ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ရဲဘော် သုံးကျိပ် သည်လည်း ဂျပန်နိုင်ငံသို့ စစ်ပညာသင် သွားရောက်ခဲ့ဖူးသည်။

Loading