သတင်းတို

စစ်တွေရှိ ဒုက္ခသည် တချို့ အသည်းရောင် အသားဝါ ဖြစ်နေ

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ် စစ်တွေမြို့ ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်တချို့သည် အသည်းရောင် အသားဝါ ရောဂါ ဖြစ်ပွားနေကြောင်း  အကူ အညီ ပေးနေသူများက ပြောသည်။ ဝမ်းပျက်ဝမ်းလျှောလည်း ဖြစ်ပွားမှုရှိပြီး ရောဂါဖြစ်ပွား သူများမှာ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများဖြစ်ကြောင်း၊ သို့သော် စိုးရိမ်ရသည့် အခြေအနေ မရှိသေးကြောင်း သိရသည်။ ရောဂါဖြစ်ပွားရခြင်းမှာ သောက်သုံးရေ မလုံလောက်ခြင်း၊ ရေအိမ်သာ မလုံလောက်ခြင်းနှင့် အာဟာရ နည်းပါးနေခြင်းတို့ကြောင့်ဖြစ်သည်ဟု ဆိုသည်။ ရခိုင်ဒေသတွင်း ပဋိပက္ခများကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်သွားသည့် ဒုက္ခသည်စုစုပေါင်း ၃ သောင်းကျော်အား စစ်တွေမြို့ရှိ ဘုန်းကြီး ကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်း စသည့် ဒုက္ခသည် စခန်း ၆၀ ကျော် ဖွင့်လှစ် စောင့်ရှောက် ကူညီပေးထားကြောင်း၊ တခြားမြို့များတွင်လည်း ဒုက္ခသည် စခန်းများ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

Loading