သတင်းတို

မြန်မာ လူကုန်ကူးမှု တိုက်ဖျက်ရေး တိုးတက်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး အခြေအနေ တိုးတက်လာကြောင်း အမေရိကန်က ပြောဆိုလိုက်သည်။ ယမန်နေ့က ထုတ်ပြန်သည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အစီရင်ခံစာ၌ မြန်မာနိုင်ငံကို စောင့်ကြည့် အဆင့် ၂ သို့ တိုးမြှင့် သတ်မှတ် လိုက်ခြင်းဖြစ်သည်။ ယခင်နှစ်က မြန်မာနိုင်ငံသည် စောင့်ကြည့် အဆင့် ၃ တွင်ရှိသည်။ ယင်း အစီရင်ခံစာတွင် နိုင်ငံပေါင်း ၁၈၀ ကျော်ကို လေ့လာ ဆန်းစစ်ထားခြင်းဖြစ်ပြီး အရေးယူမှု၊ အကာအကွယ်ပေးမှု၊ ကြိုတင် ကာကွယ်မှု အခြေအနေများပေါ်တွင် အဆင့် သတ်မှတ်ခြင်း ဖြစ်ကြောင်း သိရသည်။

Loading