သမ္မတ ဦးသိန်းစိန်က တမျိုးသားလုံး၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှု တန်ဖိုး(GDP)ကို ၇ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ရန် မျှော်မှန်း လျာထားကြောင်း ပြောဆိုလိုက်သည်။ ယင်း GDP သည် ၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ၅နှစ် စီမံကိန်းအတွက် ဖြစ်ပြီး လက်ရှိ နိုင်ငံတော်၏ စီးပွားရေး အခြေအနေပေါ် မူတည်၍ အနာဂတ်တွင် ဖြစ်ပေါ်တိုးတက်လာနိုင်မည့် အနီးစပ်ဆုံး လျာထားချက် ဖြစ်သည်ဟု ဆိုသည်။ ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်၌ ကျင်းပသော နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲ သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အစည်းအဝေးတွင် ပြည်ထောင်စုအဆင့်မှ စတင်ကာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့ဝင် များသို့ ပြောကြားသော မိန့်ခွန်း၌ ဦးသိန်းစိန်က ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။