နိုင်ငံအကြီးအကဲများသာ မိန့်ခွန်းပြောခွင့်ရသည့် ဗြိတိန်ပါလီမန်နှစ်ရပ်စလုံးသို့ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ မိန့်ခွန်းပြောကြားမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ချားလ်စ်မင်းသားနှင့် ကြင်ယာတော်တို့ကလည်း ၎င်းတို့စံအိမ်တော်သို့ ဖိတ်ကြားထားသည်။ ယမန်နေ့က အောက်စဖို့ဒ် တက္ကသိုလ်မှ ပေးအပ်သော ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ လက်ခံရရှိခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန် ဝန်ကြီးချုပ်နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။