ရခိုင်ပြည်နယ် ပဋိပက္ခများနှင့် ဆက်နွှယ်သည်ဟု သံသယရှိသူ မူဆလင် ဘာသာရေးစာပြ ကျောင်းဆရာ အဗ္ဗဒူ ဆူကူရ်အား ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက တာခ်နာမြို့နယ်၊ နီလာမြို့တွင် ဇွန်လ ၁၉ ရက်နေ့က ထပ်မံဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။ ဇွန်လ ၁၈ ရက်နေ့တွင် မူဆလင် ဘာသာရေးခေါင်းဆောင်နှင့် ကျောင်းဆရာများ စုစုပေါင်း ၇ ဦးကို ကောက်စ်ဘဇားမြို့ ရဲမင်းကြီးက ဦးဆောင်ဖမ်းဆီးပြီးနောက် နောက်ဆက်တွဲ ဖမ်းဆီးမှုဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ဆက်စပ်သည်ဟု သံသယရှိသူများနှင့် နေရာများကို အထူးစုံစမ်းစစ်ဆေးလျက် ရှိကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများတွင် ဖော်ပြထားသည်။ ဘင်္ဂလားဒေ့ရှ်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် မြန်မာနှင့် ဆက်ဆံရေး၊ နှစ်နိုင်ငံသဘောတူ ချုပ်ဆိုထားသည့် စာချုပ်များအပါအဝင် တခြားပူးပေါင်းလုပ်ဆောင်နေမှုများ ပျက်ပြားသွားမည့်ကို အထူးစိုးရိမ်နေကြောင်း လေ့လာသူများက ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။