သတင်းတို
ရန်ကုန် ယုဇန ဟိုတယ်၌ နိုင်ငံခြားသူ တဦး သေဆုံးမှုဖြစ်ပွား
This article has been converted from Zawgyi One to Unicode
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ယုဇန ဟိုတယ်တွင် ယမန်နေ့ နံနက်ပိုင်းက နိုင်ငံခြားသူတဦး သေဆုံးမှု ဖြစ်ခဲ့သည်။ သေ ဆုံးသူ အသက် ၅၅ နှစ်ခန့်ရှိ အမျိုးသမီးသည် တောင်ကိုရီးယား နိုင်ငံသား ဖြစ်ပြီး အသတ်ခံရခြင်းဖြစ်သည်ဟု ရဲက ယူဆကြောင်း၊ ထို အမျိုးသမီး၏ ခင်ပွန်းဖြစ်သည့် မသင်္ကာသူ တောင်ကိုရီးယား နိုင်ငံသား ကို ဗဟန်း ရဲ စခန်းက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ အရ အမှုဖွင့်၍ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ သေဆုံးသည့် အမျိုးသမီး၏ အမည်မှာ Ms. Kim Pun Nani ဖြစ်ပြီး ခင်ပွန်း ၏ အမည်မှာ Mr. Kimhoeong Coek ဖြစ်ကြောင်း သိရသည်။