သတင်း

ဦးခင်ရွှေနှင့် လယ်သမားများအမှု စစ်ဆေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်း မင်္ဂလာဒုံ မြို့နယ် ရွှေနံ့သာ ကျေးရွာမှ လယ်သမားများနှင့် ဦးခင်ရွှေပိုင် ဇေကမ္ဘာ ကုမ္ပဏီ တို့အကြား ဖြစ်ပွားနေသော လယ်မြေ ဧက ၈၅၀ ကျော် နှင့် ပတ်သက်သည့် အမှုကို ကျေးရွာ လယ်ယာမြေ ကော်မတီ က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်း လယ်ယာမြေများကို သီးစားစနစ်ဖြင့် လုပ်ကိုင်ခွင့် ပေးရန်အတွက် ရန်ကုန်တိုင်း အစိုးရထံ ဇေကမ္ဘာ ကုမ္ပဏီနှင့် လယ်သမား များက ပြီးခဲ့သည့် ဧပြီလ အတွင်း အပြိုင် လျှောက်ထားခဲ့ကြရာ ဦးခင်ရွှေက အနိုင်ရခဲ့သည်။ ထို ကိစ္စအား သက်ဆိုင်ရာ လယ်ယာမြေ ကော်မတီသို့ တိုင်ကြားခဲ့သည့် အတွက် ခေါ်ယူစစ်ဆေးခြင်း ဖြစ်သည်။

“ကျနော်တို့က သီးစား လျှောက်ထား တော့လည်း ရှှုံးတယ်၊ အခုလည်းပဲ စစ်ဆေးတယ်၊ ကျနော်တို့ လယ်သမားတွေ ကတော့ ရှှုံးသည်ဖြစ်စေ၊  နိုင်သည် ဖြစ်စေ ကျနော်တို့လယ် ကျနော်တို့ လုပ်ဖို့ သံန္နိဌာန် ချထားပြီးသားပါ”ဟု လယ်သမားကြီး ဦးကျော်စိန် က ဆိုသည်။

ရွှေနံ့သာကျေးရွာမှ လယ်သမား ၈၅ ဦးနှင့် ဇေကမ္ဘာကုမ္ပဏီ မန်နေဂျာ ဦးမြင့်ဇော်တို့ကို ကျေးရွာအုပ်ချုပ်ရေး အာဏာပိုင်များက မေးမြန်းကြောင်း၊ ထိုသို့ခေါ်ယူစစ်ဆေး မေးမြန်းသော်လည်း ထူးခြားမှု တစုံတရာ မရှိသေးကြောင်း ဦးကျော်စိန် က ဧရာဝတီ ကို ပြောသည်။

၎င်းက“ဒီလယ်တွေကို ဘယ်တုန်းက လုပ်တာလဲ၊ ဘယ်က နွးတွေ၊ ကျွဲတွေနဲ့ လုပ်တာလဲ၊ သူများကို အငှားပေးဖူးတာတွေ ရှိလား ဆိုတဲ့ မေးခွန်းတွေကို မေးတော့ ကိုယ်ပိုင်နွားတွေ နဲ့ လုပ်လာတာ ၁၉၉၀ တကည်းကပါလို့ ဖြေခဲ့တယ်”ဟုလည်း ပြော ဆို သည်။

လယ်သမားများနှင့် ဇေကမ္ဘာကုမ္ပဏီ တို့အား ခေါ်ယူစစ်ဆေးပြီးသည့်အတွက် မကြာခင်ရက်ပိုင်း အတွင်း ဆုံးဖြတ်ပေးနိုင်ဖွယ် ရှိကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးသည် ကျေးရွာ လယ်ယာမြေကော်မတီ၏ လုပ်ပိုင်ခွင့်ရထား၍ ၎င်းတွင် ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း လယ်သမားများ ၏ တရားဝင် ကိုယ်စားလှယ်လွှဲအပ် ခံထားရသူ ဦးနေမျိုးဝေ က ပြောသည်။

ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ သည် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ အပေါင် ၊ ရွှေနံ့သာ ၊ ပေါင်းကူ စသည့်ကျေးရွာ များမှ လယ် သမား ၈၀ ကျော် ၏ လယ်မြေဧက ၈၅၀ ကျော် ကို ၂၀၁၀ ပြည့်နှစ်အတွင်းက သိမ်းယူခဲ့သည်။ ထို့ကြောင့် ဇေကမ္ဘာ ကုမ္ပဏီ ကို လယ်သမားများက မင်္ဂလာဒုံမြို့နယ် တရားရုံး၌ မေလ တွင် တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။

လယ်သမားများသည် မိမိတို့ လယ်မြေများ၌ စပါးများစိုက်ပျိုးထားကြောင်း၊ စပါးပင်များသည် ယခုအခါ ၆ လက္မခန့် ရှိနေပြီ ဖြစ်ကြောင်း၊ ထိုစပါးခင်းများ ပေါ်သို့ ဇေကမ္ဘာ ကုမ္ပဏီ ဝန်ထမ်းများကလည်း စပါးမျိုးစေ့များ ကြဲချနေကြောင်း လယ်သမားများက ပြောပြသည်။

“ကျနော်တို့ စပါးတွေက အပင်တွေဖြစ်နေပြီ၊ အဲဒီစပါးပင်တွေ အပေါ်က စပါးတွေ ထပ်ကြဲတော့ အကုန်ပျက်စီးတော့မှာပေါ့၊ ဇေ ကမ္ဘာ ကုမ္ပဏီက တမင်သက်သက် လိုက်လံဖျက်ဆီးနေတယ်”ဟု ဦးကျော်စိန် က ပြောသည်။

၁၉၆၃ ခုနှစ် လယ်ယာမြေ နည်းဥပဒေ၌ လယ်စိုက်ပျိုးသူ လယ်ပိုင်ရမည်ဟု ပါရှိသည့်အတွက် ဇေကမ္ဘာ ကုမ္ပဏီသည် လယ် သမားအဖြစ် ရုတ်တရက် ပြောင်းလဲလိုက်ကြောင်း၊ ထိုဥပဒေအား ၎င်းကိုယ်တိုင် အင်တာနက် စာမျက်နှာများ၌ ဖြန့်ပေး လိုက် သည့် နောက်ပိုင်း ဤသို့ ဖြစ်လာကြောင်း ဦးနေမျိုးဝေ ကလည်း ပြောဆိုသည်။

လယ်သမားများက မိမိတို့လယ်မြေများ ပြန်လည် ရရှိရေးအတွက် ရန်ကုန်တိုင်း အစိုးရထံ တင်ပြခဲ့ရာ ထိုလယ်မြေသည် နိုင်ငံ တော် က သိမ်းယူထားခြင်း မရှိဟု တုံ့ပြန်ခဲ့ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေ က ထိုလယ်မြေများအား ၎င်းတို့ ကုမ္ပဏီက သိမ်းယူခြင်း မဟုတ်ကြောင်း၊ အိုးအိမ် ဦးစီး ဌာနက သိမ်းယူခြင်းဖြစ်၍ ၎င်းနှင့် မသက်ဆိုင်ကြောင်း၊ ၎င်းတို့အနေဖြင့် ထိုမြေပေါ်၌ ဖွံ့ဖြိုးရေးလုပ်ငန်းသာ လုပ်ဆောင်ခြင်း ဖြစ် ကြောင်း ပြောဆိုခဲ့သည်။ ထိုသို့ပြောဆိုခဲ့သည့် အတွက် ဥပဒေ ပုဒ်မ ၄၁၇ လိမ်လည်မှု၊ နိုင်ငံတော်အာဏာ အလွဲသုံးစားမှု တို့ဖြင့် ဦးခင်ရွှေအား လယ်သမားများက တရားစွဲဆိုထားခြင်း ဖြစ်သည်။

ထို လယ်ယာမြေ အမှုနှင့်ပတ်သက်၍ ဇေကမ္ဘာ ကုမ္ပဏီသို့ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading