• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွှေ့ပြောင်း မြန်မာအလုပ်သမားများအရေး ဆောင်ရွက်နေကြောင်း အစိုးရ ထုတ်ပြော

by ကျော်ခ
21 June 2012
in သတင်း
A A
ရွှေ့ပြောင်း မြန်မာအလုပ်သမားများအရေး ဆောင်ရွက်နေကြောင်း အစိုးရ ထုတ်ပြော

ထိုင်းနိုင်ငံ ဘန်ကောက် မဟာချိုင်ဒေသရှိ မြန်မာ အလုပ်သမားများနှင့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Reuters)

3.9k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ၏ ရပိုင်ခွင့်များ အပြည့်အဝ ရရှိရေး အတွက် အကာ အကွယ် ပေးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း မြန်မာ အစိုးရ အလုပ် သမားရေးရာ တာဝန်ရှိသူများက ပြောဆို လိုက်သည်။

“ပြည်တွင်းမှာ ရှိသော အလုပ်သမားများ၏ အခွင့် အရေးသာ မက ပြည်ပမှာ လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အလုပ်သမား များ၏ တရားဝင် အခွင့်အရေးများ အပြည့်အဝ ရရှိနိုင်ရန် အတွက်ကိုလည်း ကြိုးပန်းဆောင်ရွက်သွားမည်” ဟု ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ နယ်စပ်ရေးရာ ဌာနနှင့် မြန်မာ့ စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောဆိုကြောင်း နိုင်ငံပိုင် ကြေးမုံ သတင်းစာတွင် ယနေ့ ဖော်ပြထားသည်။

RelatedPosts

ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

14 June 2025
9
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

14 June 2025
639
Apple က ထရမ့် အခွန်စည်းကြပ်မှု ရှောင်ဖို့ အိန္ဒိယဘက်က iPhone များ အမေရိကန်ကို တင်ပို့

Apple က ထရမ့် အခွန်စည်းကြပ်မှု ရှောင်ဖို့ အိန္ဒိယဘက်က iPhone များ အမေရိကန်ကို တင်ပို့

14 June 2025
189

ယမန်နေ့က နေပြည်တော် အလုပ်သမားဝန်ကြီးဌာန ခန်းမ၌ ကျင်း ပြုလုပ်သော အစည်းအဝေးတွင် ထိုင်းနိုင်ငံတွင်း တရားဝင် နေထိုင် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် ယာယီ နိုင်ငံကူး လက်မှတ်များ ထုတ်ပေးနေသကဲ့သို့ အထောက်အထား မရှိ၍ ပြန်ပို့ ခံရသော အလုပ်သမား များကိုလည်း လူကုန်ကူးမှု မခံရစေရေးအတွက် လုပ်ဆောင်နေကြောင်း ပြည်ထောင်စု ဝန်ကြီးများက ပြောဆိုကြသည်။

အထောက်အထား မရှိ၍ ဖမ်းဆီးပြီး မြန်မာနိုင်ငံ နယ်စပ်မြို့များသို့ ပြန်ပို့ခံရမည်ဖြစ်သော ရွှေ့ပြောင်းအလုပ်သမား များအတွက် စနစ်တကျ ပြန်လည် လက်ခံနိုင်ရန် တာချီလိတ်၊ မြဝတီနှင့် ကော့သောင်းတို့တွင် စခန်းများ ဖွင့်လှစ်ထားကြောင်း၊ ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဆိုသည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ၂ သန်းကျော်အနက် ၁ သန်းကျော်ကို တရားဝင် နေထိုင်လုပ်ကိုင်ခွင့် အထောက် အထားများ လုပ်ဆောင်ထားပေးပြီးဖြစ်ကြောင်း၊ ထိုသို့ ထုတ်ပေးနိုင်ရန် ၂၀၁၂ ဖေဖော်ဝါရီလက စတင်၍ အဖွဲ့ ၅ ဖွဲ့ ဖွဲ့ကာ လုပ်ဆောင် ပေးလျက်ရှိပြီး ၎င်းတို့နှင့် လဲလှယ်၍ တာဝန်ထမ်းဆောင်ရန် နောက်ထပ်ပို့ဆောင်မည့် အစိုးရဝန်ထမ်း ၄၀ ကိုလည်း မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး ဆိုင်ရာ မွမ်းမံ သင်တန်းများ ပေးလျက်ရှိကြောင်း သိရသည်။

ယခင်က ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ဖိနှိပ်ခံရမှုများ၊ အလုပ်သမား ရပိုင်ခွင့်များကို မြန်မာ အစိုးရက ထိထိ ရောက်ရောက် လုပ်ဆောင်ပေးခြင်းမရှိသဖြင့် ပြည်ပရောက် အတိုက်အခံ အလုပ်သမားအဖွဲ့အစည်း တချို့၏ အကူအညီ ရသူများမှ လွဲ၍ အများစုမှာ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရခြင်း အပါအဝင် ဖိနှိပ်မှုအမျိုးမျိုး တွေ့ကြုံခံစား ခဲ့ကြရသည်။

ရွှေ့ပြောင်း မြန်မာအလုပ်သမားများကို တရားဝင်နေထိုင် အလုပ်လုပ်ကိုင် နိုင်ရန်အတွက် မြန်မာအစိုးရက လုပ်ဆောင် ပေးမည်ဆိုလျှင် ကောင်းမွန်ကြောင်း၊ သို့သော် အလုပ်သမားများထံမှ တန်ကြေးထက်ပိုသော ငွေကြေးကို ပွဲစားများက တောင်းယူနေမှုအား မြန်မာအစိုးရအနေဖြင့် ကိုင်တွယ်ဖြေရှင်းပေးရန် လိုကြောင်း ထိုင်းအခြေစိုက် ရောင်ခြည်ဦး အလုပ်သမား များ အဖွဲ့ အတွင်းရေးမှူး ဦးမိုးဆွေက ပြောသည်။

“အရင် အလုပ်သမားတွေက နယ်စပ်တွေကို ဆင်းလုပ်ရတယ်။ အခု မြန်မာအစိုးရက သူတို့နေတဲ့ ဒေသတွေမှာ လာပြီးတော့ လုပ်ပေးတယ်ဆိုတော့ အရင်ထက်စာရင် ကုန်ကျမှု သက်သာသွားသင့်တယ်။ အခု အဲဒီလို မဟုတ်ဘဲ ပွဲစားတွေက လက်မှတ် ခရမ်းရောင်ပြောင်းသွားတယ်၊ ပိုပြီးတော့ အဆင့်မြင့်သွားတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ၅၀၀ တန်ရင် ၁၀၀၀ လောက် တောင်းနေတာတွေ ရှိနေတယ်။ ဒီကိစ္စကို အစိုးရက ဖြေရှင်းရလိမ့်မယ်” ဟု သူက ဆိုသည်။

တရားဝင် နေထိုင်လုပ်ကိုင်ခွင့် အထောက်အထားများ ပြုလုပ်ပေးသည့်အပြင် အလုပ်သမားများ၏ ရပိုင်ခွင့် အခွင့်အရေး များကိုလည်း လုပ်ဆောင်ပေးမည်ဆိုသည့် အစိုးရ၏ စီစဉ်မှုကို ဦးမိုးဆွေက ကြိုဆိုကြောင်း၊ ထိုဖြစ်ရပ်သည် ထိုင်းတနိုင်ငံလုံး တွင် မြန်မာ အလုပ်သမားများ ကြုံတွေ့နေသော အခြေအနေဖြစ်ကြောင်း ဆက်ပြောသည်။

“ထိုင်းရောက်နေတဲ့ မြန်မာအလုပ်သမား အများစုကြုံနေရတာ၊ အထူးသဖြင့် မဲဆောက်လို နေရာမျိုးမှာ ထိုင်းအစိုးရရဲ့ သတ်မှတ်ထားတဲ့ လုပ်အားခ၊ အလုပ်ချိန် သတ်မှတ်ချက်တွေ မရရှိကြဘူး။ အခွင့်အရေးတွေက ဆက်ပြီးတော့ ဆုံးရှုံး နေဆဲပဲဖြစ်တယ်။ ဒီအခွင့်အရေးတွေကို ဥပဒေအတိုင်း ဖြစ်အောင် လုပ်ပေးဖို့လိုတယ်” ဟု ဦးမိုးဆွေက ရှင်းပြသည်။

ထိုသို့ မြန်မာအလုပ်သမားများ၏ အခက်အခဲများကို လုပ်ဆောင်နိုင်ရန်အတွက် ထိုင်းနိုင်ငံအတွင်း မြန်မာအစိုးရက လာရောက် ဖွဲ့စည်းပေးထားသော အဖွဲ့များ၏ ဆက်သွယ်ရမည့် ဖုန်းနံပတ်များကို အလုပ်သမားများ အကြား ကျယ်ကျယ်ပြန့်ပြန့် သိစေရန် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း၊ လက်ရှိအနေအထားတွင် မြန်မာသံရုံးသို့ ဆက်သွယ်ရာ၌ပင် ဖုန်းမကိုင်သည့်အချိန်က များနေကြောင်း ၎င်းက ထောက်ပြသည်။

အလုပ်သမားများ အရေးလုပ်ဆောင်ရန် လက်ရှိ မြန်မာအစိုးရက တာဝန်ပေးထားသော လူဦးရေ ဆယ်ဂဏန်းခန့်မှာ ထိုင်းနိုင်ငံတွင် သန်းချီရှိနေသော မြန်မာအလုပ်သမားများ အရေးကို ဖြေရှင်းပေးရန် အင်အားမလုံလောက်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (BAT) ၏ ခေါင်းဆောင် ဦးကျော်သောင်းက ဧရာဝတီသို့ ပြောသည်။

မေလကုန်ပိုင်းက ဘန်ကောက်တွင် ကျင်းပနေသည့် ၂၀၁၂ ခုနှစ် အရှေ့ အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ညီလာခံသို့ တက်ရောက်ရန် ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာရွှေ့ပြောင်း အလုပ်သမားများ၊ အလုပ်သမားအရေး ဆောင်ရွက်သူ အဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။

၎င်းနောက် မြန်မာ အလုပ်သမားများ ရပိုင်ခွင့်များနှင့် ပတ်သက်၍ ထိုင်းအစိုးရ တာဝန်ရှိသူတချို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ရာ နောက်တနေ့တွင် ထိုင်းနိုင်ငံသားများနှင့်အတူ တရားဝင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများကို တနေ့ လုပ်အားခ ဘတ်ငွေ ၃၀၀ (၁၀ ဒေါ်လာ) ရရှိရန် ၂၀၁၃ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင် ဆောင်ရွက်ပေးမည်ဟု ထိုင်း ဒု ဝန်ကြီးချုပ် ချလုံ ယူဘမ်ပရုန်းက ပြောခဲ့သည်။

Your Thoughts …
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.7k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.8k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.9k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.4k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
“မြန်မာပြည်မှာ တက္ကသိုလ်ရဲ့ လွတ်လပ်မှုနဲ့ အနှစ်သာရ ပျောက်ဆုံးနေတယ်”

“မြန်မာပြည်မှာ တက္ကသိုလ်ရဲ့ လွတ်လပ်မှုနဲ့ အနှစ်သာရ ပျောက်ဆုံးနေတယ်”

မီဒီယာဥပဒေက သတင်းသမား၏ လုံခြုံရေးနှင့် လုပ်ပိုင်ခွင့်ကို ကာကွယ်ရမည်ဟု ဆို

မီဒီယာဥပဒေက သတင်းသမား၏ လုံခြုံရေးနှင့် လုပ်ပိုင်ခွင့်ကို ကာကွယ်ရမည်ဟု ဆို

Please login to join discussion
No Result
View All Result

Recommended

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

1 day ago
5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.8k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate