သတင်းတို
ဖားကန့် ရေလွှမ်း၍ ၁၆၂ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်
This article has been converted from Zawgyi One to Unicode
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယခုလ ၁၀ ရက်မှ ၁၄ ရက်အထိ မိုးအဆက်မပြတ် ရွာသွန်း၍ ရေလွှမ်းမိုးမှုမှုကြောင့် နေအိမ် တဲ ၄၇ လုံး ပြိုကျ ပျက်စီးသွားပြီး အိမ်ထောင်စု ၄၇ စု ၊ လူဦးရေ ၁၆၂ ဦး အိုးမဲ့ အိမ်မဲ့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် ဆိပ်မူ ကျေးရွာ၊ စပေါ့ကျေးရွာ နှင့် ရှမ်းစုကျေးရွာများမှ ဖြစ်ပြီး ဘုန်းကြီးကျောင်း၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းနှင့် စာသင်ကျောင်း များတွင် နေရာချထား၍ ကူညီထောက်ပံ့မှုများ ပးလျက်ရှိကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြသည်။ အလားတူ ဝိုင်းမော် မြို့နယ်တွင်လည်း မိုးရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။