ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် မောင်တော မြို့နယ် ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေသူများထဲမှ ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက်များတွင် လူဦးရေ ၁၀၀၀ ကျော် နေရပ်သို့ ပြန်နေပြီ ဖြစ်ကြောင်း သိရသည်။ ယခု ပြန်သူများမှာ မောင်တော မြို့နယ် ၄ မိုင် စခန်းနှင့် အောင်မြေ ဗောဓိ စခန်းများမှဖြစ်ပြီး ၎င်းတို့ကို နယ်မြေခံ တပ်ရင်း၊ လဝက အဖွဲ့၊ ရဲတပ်ဖွဲ့များက လုံခြုံရေး အပါအဝင် ကူညီစောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း အစိုးရ သတင်းစာများက ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။