နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ မူကြမ်းကို နောက်တကြိမ် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများတွင် ဆွေးနွေး အတည် ပြုမည် ဖြစ်ကြောင်း သိရသည်။ ယခင်ရှိပြီးသား ဥပဒေသည် ဆယ်စုနှစ်များစွာအသုံးပြုခဲ့သော ဥပဒေဖြစ်၍ ခေတ်နှင့် အညီ ပြောင်းလဲကျင့်သုံးနိုင်ရန်အတွက် လာမည့် ဇူလိုင် ၄ ရက် စတင်မည့် လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေး အတည် ပြုသွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို လာရောက် ရင်းနှီး မြှုပ်နှံကြရန် ဖိတ်ခေါ်ကြောင်း ယနေ့ ထုတ် အစိုးရ The New Light of Myanmar သတင်းစာ အယ်ဒီတာ့ အာဘော်၌ ရေးသားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။