မန္တလေးတက္ကသိုလ် ၃ ခု ဆရာ၊ ဆရာမ သမဂ္ဂဖွဲ့
This article has been converted from Zawgyi One to Unicode
မန္တလေးမြို့ရှိ မန္တလေး တက္ကသိုလ် (ပင်မ)၊ နိုင်ငံခြားဘာသာ တက္ကသိုလ်၊ အဝေးသင်တက္ကသိုလ်(မန္တလေး) တက္ကသိုလ် ၃ ခုတွင် ယမန်နေ့က ဆရာ၊ ဆရာမ များ သမဂ္ဂ ယာယီ ကော်မတီ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ ကထိကများ၊ ပါမောက္ခများ အပါအဝင် ဆရာ၊ ဆရာမ ၄၀ ခန့် ဖြင့် ဖွဲ့စည်းလိုက်သော ထိုယာယီ ကော်မတီကို မန္တလေးအဝေးသင် တက္ကသိုလ်၊ စိတ်ပညာဌာန တွဲဖက်ပါမောက္ခ ဆရာဦးသက်လွင်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်မှာဖြစ်ပြီး တရားဝင် မှတ်ပုံတင်သွားမည် ဖြစ်ကြောင်း RFA ရေ ဒီယို က လွှင့်သည်။ ဆရာ ဆရာမများ၏ ရပိုင်ခွင့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေး၊ ပညာရေး နယ်ပယ်အတွင်း လာဘ်ပေး လဘ်ယူနှင့် အကျင့်ပျက်ခြစားမှုများ တိုက်ဖျက်ရေး၊ ဂုဏ်သိက္ခာရှိပြီး ပညာရည်မြင့်မားသော နိုင်ငံတကာ အဆင့်မီ ဆရာ ဆရာမများ ပေါ်ထွန်းရေး စသည့် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။