အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး၏ အမွေပိုင်ဆိုင်လိုမှုနှင့် ပတ်သက်ပြီး တရားစွဲဆိုချက်ကို တရားရုံးက အမိန့်ချမှတ်လိုက်သည့် အပေါ် ဒေါ်အောင်ဆန်းစုကြည်က အယူခံဝင်မည်ဖြစ်သည်ဟု ဆိုသည်။ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက သားသမီးများ ဖြစ် ၍ ထက်ဝက်စီ အကျိုးခံစားရန် ဇွန်၂၂ ရက်က အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။ ထို တရားရုံး၏ ဆုံးဖြတ်ချက်သည် ဥပဒေ ကြောင်း အရ လွဲချော်မှုများ ရှိနေ၍ အယူခံဝင်သွားမည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။