အိန္ဒိယ နိုင်ငံမှ United Bank of India ဘဏ်ရုံးခွဲကို မြန်မာ နိုင်ငံ၌ မကြာမီ ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။ ဘဏ်ခွဲဖွင့် လှစ်ရန် မြန်မာနိုင်ငံ ဗဟို ဘဏ်က အတည်ပြုလိုက်ပြီ ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ အိန္ဒိယ ဘဏ်ခွဲ တခုအနေနှင့် မြန်မာနိုင်ငံ၌ လာရောက် ဖွင့်လှစ်ခြင်းသည် ပထမဆုံး အကြိမ်လည်းဖြစ်ကြောင်း United Bank of India မှ အမှုဆောင် ဒါရိုက်တာ Mr Deepak Narang ကို ကိုးကား၍ အိန္ဒယ သတင်းတပုဒ်တွင် ဖော်ပြထားသည်
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။