မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံ ယူနန်ဘက်သို့ ရောက်ရှိ ခိုလှုံနေသော ကချင်ဒေသခံ ဒုက္ခသည် ၁၀၀၀၀ ခန့်ကို ပြန်လည် နှင် ထုတ်ခြင်း မပြုရန် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က ယနေ့ ပြောဆိုလိုက်သည်။ ယင်း ဒုက္ခသည်များသည် လတ် တလောတွင် စားရေရိက္ခာနှင့် နေစရာ အခက်အခဲများဖြစ်နေသောကြောင့် တရုတ်အာဏာပိုင်များနှင့် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့များအနေဖြင့် အကူအညီ အကာအကွယ်များ ပေးရန်လည်း အမေရိကန် နိုင်ငံ နယူးယောက် မြို့ အခြေစိုက် HRW က တောင်းဆိုထားသည်။ အစိုးရနှင့် ကချင်လက်နက်ကိုင်အဖွဲ့၏ တိုက်ပွဲများကြောင့် အိုးအိမ် စွန့်ခွာ ရှောင်တိမ်းနေရသော ဒုက္ခသည် ၇၅၀၀၀ ခန့် ရှိသည်ဟု AP သတင်း က ဖော်ပြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။