သတင်းတို

ရွှေ့ပြောင်းအလုပ်သမား ကိုယ်ဝန်ရှိပါက ပြန်ပို့ခံရမည်

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံတွင်း အလုပ်လုပ်နေသော ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးများတွင် ကိုယ်ဝန်ရှိပါက မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင် မည် ဖြစ်ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာန က စည်းမျဉ်းသစ် ထုတ်ပြန်လိုက်သည်။ ထိုစည်းမျဉ်းသစ်အရ ကိုယ်ဝန် ၃ လနှင့် ၄ လ ခန့်တွင် ပြန်ပို့မည်ဖြစ်ပြီး ကလေးမွေးဖွားပြီးပါက ထိုင်းနိုင်ငံသို့ ပြန်လာ၍ အလုပ်လုပ်ကိုင်နိုင်ကြောင်း၊ ယင်း အစီအစဉ်သည် လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းက ယနေ့ဖော်ပြထားသည်။

Loading