သတင်းတို

အနိမ့်ဆုံး လစာ သတ်မှတ်မည့် ဥပဒေ ပြဌာန်းမည်

This article has been converted from Zawgyi One to Unicode

သမ္မတ ဦးသိန်းစိန်က အလုပ်သမားများအတွက် ရသင့်ရထိုက်သည့် လူမှုဖူလုံရေး စောင့်ရှောက်မှုများ နှင့် အနိမ့်ဆုံး လစာနှုန်းထား သတ်မှတ်နိုင်ရေး ဥပဒေ ပြဌာန်းရန် ဆောင်ရွက်နေကြောင်း ပြောကြားသည်။ အလုပ်လက်မဲ့ ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိရေးအတွက်လည်း ဆောင်ရွက်နေသည်ဟု ဆိုသည်။ ယမန်နေ့က နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ် ၌ ကျင်းပ သော လူမှုရေး ကာကွယ်စောင့်ရှောက်မှု ဆိုင်ရာ ညီလာခံ အမှာစကားတွင် ဦးသိန်းစိန်က ထည့်သွင်း ပြောကြားသွားခြင်း ဖြစ် ကြောင်း အစိုးရ သတင်းစာများက ဖော်ပြသည်။

Loading