သတင်းတို
ဆလိုင်း တင်မောင်ဦး ကျဆုံးသည့် ၃၆ နှစ်မြောက် အခမ်းအနား ကျင်းပ
This article has been converted from Zawgyi One to Unicode
ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင် နှင်းဆီ ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး ကျဆုံးသည့် ၃၆ နှစ်မြောက် အခမ်းအနား ကျင်းပသည်။ အခမ်းအနားသို့ NLD မှ ဦးဝင်းတင်၊ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေ၊ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ကိုမင်းကိုနိုင်၊ ဗကသ မှ ကိုကျော်ကိုကို ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ စသည်ဖြင့် တက်ရောက်ကြသည်။ ဆလိုင်း တင်မောင်ဦးကို နိုင်ငံတော် ပုန်ကန်မှုဖြင့် မဆလ အစိုးရက ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်တွင် အင်းစိန် အကျဉ်းထောင်၌ ကြိုးပေး သတ်ခဲ့ခြင်း ဖြစ်သည်။