ထိုင်း နယ်စပ်မှတဆင့် မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက်သို့ ပို့ရန်ပြင်ဆင်ထားသော လက်နက်များကို တာချီလိတ်မြို့နှင့်မျက်နှာချင်း ဆိုင် မယ်ဆိုင်မြို့ထဲတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသော လက်နက်များထဲတွင် အာပီဂျီ လောင်ချာ (၁၂) လက်၊ အေကေ (၄၇) မောင်းပြန်ရိုင်ဖယ်(၁၇) လက်၊ အမ် ၁၆ မောင်းပြန် ရိုင်ဖယ် (၆) လက်၊ အမ် (၇၉) လောင်ချာ (၁၂) လက်နှင့် အာပီဂျီ ဗုံးသီး (၉)လုံး တို့ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။