သတင်းတို

မြန်မာ ဒုက္ခသည်တွေကို ကူညီထားသည်ဟု တရုတ် ပြော

This article has been converted from Zawgyi One to Unicode

မြန်မာ နိုင်ငံမှ တရုတ်နိုင်ငံအတွင်း ထွက်ပြေးရောက်ရှိလာသော ဒုက္ခသည်များကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပေး ထားသည်ဟု တရုတ်အစိုးရက ပြောဆိုလိုက်သည်။ ထို့အပြင် ဒုက္ခသည်များကို ပြန်လည်နှင်ထုတ်သည် ဆိုသည်မှာလည်း မဟုတ် မှန် ကြောင်း၊ မြန်မာပြည်တွင်း ပြန်သွားသူများမှာလည်း ဒုက္ခသည်များ မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Hong Lei က ပြောသည်ဟု People’s Daily Online တွင် ရေးထားသည်။ မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံ ယူနန်ဘက်သို့ ရောက်ရှိ ခိုလှုံနေသော ကချင် ဒုက္ခသည် ၁၀၀၀၀ ခန့်ကို ပြန်လည် နှင်ထုတ်ခြင်း မပြုရန်၊ ယင်း ဒုက္ခသည်များသည် စားရေရိက္ခာနှင့် နေစရာ အခက်အခဲများဖြစ်နေသောကြောင့် တရုတ်အာဏာပိုင်များနှင့် ကုလသမဂ္ဂ က အကူအညီ အကာအကွယ်များ ပေးရန် လူ့အခွင့် အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့(HRW) က ယမန်နေ့က ထုတ်ပြန်ထားသည်။

Loading