နိုင်ငံပိုင် သတင်းစာများ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ စာတမ်းဖတ်ပွဲကို ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း က ယနေ့တွင် ပြန်ကြားရေး ဝန်ကြီးရုံး၌ ကျင်းပမည်ဖြစ်သည်။ စာတမ်းဖတ်ပွဲတွင် ဦးမြတ်သူ (တက္ကသိုလ်မြတ်သူ)၊ ဦးခင်မောင်ကျော်ဒင် စာတည်းမှူးချုပ် (ကြေးမုံ သတင်းစာတိုက်)၊ ဦးရဲတင့် (ရဲတင့်)၊ ဦးမောင်မောင်ဦး (ဟိန်းလတ်)၊ ဦးရဲမြင့်ဖေ စာတည်းမှူးချုပ်(ငြိမ်း) (မြန်မာ့အလင်း သတင်းစာ)နှင့် ဦးရဲနိုင်မိုး (သတင်းစာဆရာ၊ မီဒီယာ သင်တန်းဆရာ) ကိုယ်စား ဦးမျိုးမြင့် သောင်း တို့က အသီးသီး စာတမ်းများ ဖတ်ကြားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန အင်တာနက် စာမျက်နှာ၌ ဖော်ပြ ထားသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။