မြန်မာအစိုးရ အနေဖြင့် အမေရိကန်နှင့် ပုံမှန်ဆက်ဆံရေး ပြုလုပ်လိုပါက မြောက်ကိုရီးယားနိုင်ငံနှင့် ပွင့်လင်းမြင်သာမရှိသည့် ဆက်ဆံရေးကို ရပ်ဆိုင်းသင့်ကြောင်း အမေရိကန် က ပြောဆိုလိုက်သည်။ မြောက်ကိုရီးယားနှင့် မြန်မာသည် လျှို့ဝှက် စစ်ရေး ဆက်ဆံမှု ရှိနေသည်ဟု သံသယ ရှိကြောင်း၊ ယင်း ဆက်ဆံရေးသည် စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ကြားနာပွဲ၌ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ် မစ်ချယ်လ် က ပြောဆိုကြောင်း တောင်ကိုရီးယား သတင်း ဌာန Yonhap က ရေးသားထားသည်။ ဒဲရစ် မစ်ချယ်လ်သည် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် လျာထား ခံခဲ့ရာမှ ယခု အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။