ထုတ်လုပ်ဖြန့်ချိသူများ၏ ခွင့်ပြုချက်မရှိသော မြန်မာ ဗီဒီယိုဇာတ်ကား ဗီစီဒီ၊ ဒီဗီဒီ များကို စည်ပင်နယ်နိမိတ်၊ ပလက်ဖောင်း၊ အဝေး ပြေးကားဂိတ်၊ လမ်းဘေး နှင့် ဈေးများတွင် ဥပဒေမဲ့ ရောင်းချနေခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက သတိပေး တားမြစ်ချက် ထုတ်ပြန် သည်။ ဆင်ဆာ ရှိသည်ဖြစ်စေ၊ ဆင်ဆာမဲ့ ဖြစ်စေ ၊ နှစ်ချို့ကားဟောင်း ဖြစ်စေ၊ ကားသစ် ဖြစ်စေ လက် ဝယ်ဖောက်ကား ရောင်းချသည်ကို တွေ့ရှိရပါက အရေးယူခံရမည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ ၌ ဖော်ပြထားသည်။ ဗီဒီယို အငှားဆိုင် များအနေဖြင့်လည်း မိမိတို့ ဆိုင်အမည်ဖြင့် ဝယ်ယူထားသော ဇာတ်ကား အချပ်များကို တဆင့် လွှဲပြောင်းရောင်းချခြင်း၊ သတ်မှတ် နယ်မြေမှ ကျော်၍ ရောင်းဝယ်ခြင်းများ ပြုလုပ်ပါက ဥပဒေအရ အရေးယူ ခံရမည်ဟုလည်း သတင်းစာတွင် ပါရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။