သတင်းတို
အမေရိကန် စွမ်းအင်ကုမ္ပဏီများ မြန်မာတွင် ရင်းနှီးရန် လိုလား
This article has been converted from Zawgyi One to Unicode
အမေရိကန် နိုင်ငံမှ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ကုမ္ပဏီများကို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်ရေး အတွက် အရေးယူပိတ်ဆို့မှုများ ဖယ်ရှားပေးရန် လွှွတ်တော် အမတ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက အမေရိကန် အစိုးရကို တောင်းဆိုလိုက်သည်။ ယမန်နေ့က ပြုလုပ်သည့် လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်နှင့် James Inhofe တို့ တက်ရောက်သော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံ အမတ် ခန့်ထားရေးနှင့် ပတ်သက်သည့် အတည်ပြု ကြားနာပွဲ၌ တောင်းဆိုခြင်းဖြစ်ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။ အမေရိကန် က မြန်မာအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုတချို့ကို လျှော့ချပေးထားသည်။