ဗေဒါ ပညာသင်ကျောင်း ဦးဆောင်သူ ၂ ဦး အဖမ်းခံရ
This article has been converted from Zawgyi One to Unicode
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ ဗေဒါ ပညာသင်ကျောင်း ဦးဆောင်သူ ကိုမောင်စိုးနှင့် ကိုမြင့်မောင် တို့ ၂ ဦး အပါအဝင် စုစုပေါင်း ၇ ဦးကို အိမ်ရာမြေ ကျူးကျော်မှု အာမခံ ပျက်ကွက် သောကြောင့် ယနေ့ နေ့လယ်ပိုင်းက ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်း ရရှိသည်။ ၎င်းတို့ကို လှိုင်သာယာ မြို့နယ်အတွင်း ကျူးကျော် ရပ်ကွက်တွင် နေထိုင်သော မိသားစုဝင်များ ဖြစ်သဖြင့် ကျူးကျော်ထားသည့် အိမ်နေရာများ ဖယ်ရှားပေးရန် အိုးအိမ်ဦးစီးဌာနက ဇွန်လ ၂၅ ရက်နေ့တွင် တရားစွဲ ထားသည်။ တရားရုံးက ၎င်းတို့ ၇ ဦးကို ယနေ့တွင် ကျပ်ငွေ ၁ သိန်းတန် အာမခံ ဝန်ခံလွှာ လက်မှတ် ရေးထိုးရန် ညွှန်ကြားထားရာ ပျက်ကွက်သဖြင့် ယခုကဲ့သို့ ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။ ဗေဒါ ပညာသင်ကျောင်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အစီအစဉ်ဖြင့် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။