NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ အပါအဝင် ဥရောပခရီးစဉ်များ၌ မြန်မာနိုင်ငံ၏ အမည်ကို Burma ဟု သုံးစွဲပြော ဆိုနေခြင်း နှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်နှင့် အညီ Myanmar ဟု သုံးစွဲရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတိပေးလိုက်သည်။ NLD သည် ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ“ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်း ပုံ အခြေခံဥပဒေကို လေးစားလိုက်နာရေး”ဆိုသည့် အချက်ကို ပါတီမှတ်ပုံတင် လျှောက်ထားစဉ်ကပင် ဝန်ခံချက်ပြုထားပြီး ဖြစ်ကြောင်းလည်း ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်ကို ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။