ပဲခူးမြို့ အနီးတွင် တည်ဆောက်မည့် ဟံသာဝတီ နိုင်ငံတကာ လေဆိပ် စီမံကိန်းအတွက် နိုင်ငံခြား လုပ်ငန်းရှင်များကို အစိုးရက ဖိတ်ခေါ် နေကြောင်း သိရသည်။ ယင်း လေဆိပ် စီမံကိန်းကို ၁၉၉၄ ခုနှစ်က တောင်ကိုရီးယား ကုမ္ပဏီ တခုက တနှစ်လျှင် ခရီး သည် ၁၀ သန်းကို ဝန်ဆောင်မှုပေးနိုင်သော လေဆိပ်ဒီဇိုင်းပုံစံ ရေးဆွဲပေးခဲ့ဖူးကြောင်း၊ သို့သော် အကြောင်းပြချက် အသေအချာ မသိရှိရဘဲ ရပ်ဆိုင်းနေခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ ယခုအခါ ရန်ကုန် လေဆိပ်ကို နိုင်ငံတကာ လေကြောင်း လိုင်း ၁၄ လိုင်း ပြေးဆွဲလျက်ရှိပြီး ခရီးသည် အဝင်အထွက်များလာကြောင်း၊ မကြာမီ လေကြောင်းလိုင်း ၄ လိုင်းထက် ပိုမိုလာဖွယ်ရှိ၍ ဝန်ဆောင်မှု တိုးချဲ့ရန် လိုကြောင်း ပို့ဆောင်ရေး ဝန်ကြီးကလည်း ပြောဆိုထားသည်။ ၁၉၅၀ ခုနှစ် ဝန်းကျင်က တည်ဆောက်ထားသော ရန်ကုန် နိုင်ငံတကာ လေဆိပ်သည် တနှစ်လျှင် ခရီးသည် ၂.၇ သန်း ဝန်ဆောင်မှု ပေးနိုင်ကြောင်း၊ ယမန်နှစ် က ၁.၄၅ သန်း ဝန်ဆောင်မှု ပေးခဲ့ကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။