ရခိုင်၌ မိုးကြီး၍ ရေလွှမ်းမိုးမှု ဖြစ်ပွား
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ် ပဋိပက္ခ ဖြစ်ပွားရာ ဒေသများဖြစ်သော ဘူးသီးတောင်နှင့် မောင်တော၌ ပြီးခဲ့သည့် ရက်ပိုင်းက မိုးကြီး၍ ရေလွှမ်းမိုးမှု များကြောင်း ပျက်စီး ဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရသည်။ မေယုမြစ် ရေလျှံ၍ ဘူသီးတောင်မြို့ ဈေးကြီး တခုလုံး ရေမြုပ်ခဲ့ပြီး ဂိုဒေါင် များနှင့် ဈေးဆိုင်များရှိ ကုန်ပစ္စည်းတချို့ ပျက်စီးခဲ့ကြောင်း၊ မောင်တောတွင်လည်း ရေကြီး ရေလျှံဖြစ်ပြီး တံတားများ ကျိုးပျက်ခြင်း၊ ကားလမ်းများ ရေမြှုပ်ခြင်း နှင့် ဒုက္ခသည် စခန်းများလည်း ရေနစ်မြှုပ်မှု ဖြစ်ခဲ့ကြောင်း ရခိုင်ပြည်နယ်မှလာသော သတင်းများက ဆို သည်။ ဘူးသီးတောင်နှင့် မောင်တောတွင် ဒုက္ခသည် ၃၀၀၀၀ ကျော်ရှိကြောင်း အစိုးရက ထုတ်ပြန်ထားသည်။ ဘင်္ဂလားဒေ့ရှ် တွင် လည်း ရေကြီးရေလျှံ ဖြစ်၍ မြေပြိုမှုများဖြစ်သောကြောင်း လူ ၁၀၀ နီးပါး သေဆုံး၍ ပျောက်ဆုံးသူများလည်း ရှိကြောင်း သိရသည်။