သတင်းတို

သူရဦးရွှေမန်းနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ တွေ့

This article has been converted from Zawgyi One to Unicode

ဇူလိုင် ၁ ရက်နေ့က သူရဦးရွှေမန်းအပါအဝင် လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများနှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းများဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုအံ့ဖွယ်ကျော်တို့ ၆ ဦးတို့သည် ၂ နာရီပါးကြာသည်အထိ ရန်ကုန်မြို့ ယုဇနဟိုတယ်တွင် တွေ့ဆုံခဲ့သည်။ ယင်း တွေ့ဆုံမှုတွင် ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရေး၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်သော အခြေအနေများ ဖန်တီး ပေးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စများအပါအဝင် နိုင်ငံရေး အကြောင်းအရာအများအပြားကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Loading