ရွှေတြိဂံ ဒေသ မဲခေါင်မြစ် အတွင်း ခုတ်မောင်းနေသည့် စက်လှေ တစီးကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့က ပစ်ခတ်ခဲ့မှုကြောင့် မြန်မာ နိုင်ငံသား ၃ ဦး သေဆုံးသွားကြောင်း ထိုင်းသတင်းများအရ သိရသည်။ ယင်းဖြစ်ရပ်သည် ရွှေတြိဂံဒေသ မိုင်းမွမ်း လှေဆိပ်၏ အပေါ်ဘက် လာအိုနိုင်ငံ ရေပိုင်နက် အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ လတ်တလော ၄ နိုင်ငံမှ အာဏာပိုင်များက မြစ်ကြောင်း တလျှောက် လုံခြုံရေး တိုးမြှင့်ရန် စီစဉ်နေကြောင်း မယ်ဆိုင်နယူး အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။