ထိုင်း – မြန်မာ နှစ်နိုင်ငံ ဗဟိုဘဏ်များ အကြား နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် ဇွန်လ ၂၉ ရက်နေ့က နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ကြသည်။ သဘောတူညီချက် များအရ ထိုင်းနိုင်ငံဗဟိုဘဏ်က မြန်မာနိုင်ငံ ဗဟိုဘဏ်၏ စွမ်းဆောင်ရည် တည်ဆောက်မှုအတွက် နည်းပညာ အကူအညီများ ပေးသွားမည် ဖြစ်ကြောင်း၊ မူဝါဒဆိုင်ရာ ဆွေးနွေးမှုများ၊ အတွေ့ အကြုံ မျှဝေမှုများ၊ အကြံပေး တိုင်ပင်မှု၊ လေ့လာရေး ခရီးများ သွားရောက်မှု၊ သင်တန်းအစီအစဉ်များ ကျင်းပပေးမှုနှင့် ပညာသင်ဆုပေးမှု စသည့် ပုံစံများဖြင့် ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဗဟိုဘဏ်လုပ်ငန်း၊ ဘဏ်လုပ်ငန်း ကြီးကြပ် စစ်ဆေးရေး၊ စာရင်းရှင်းလင်း ပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ်ငွေစက္ကူများ စီမံခန့်ခွဲရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကူညီပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။