မြန်မာနိုင်ငံတွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် ၂၂ နှစ်ကြာ သံတမန်အဆင့် မထားဘဲ နေခဲ့ရာမှ ယခုအခါ မြန်မာနိုင်ငံတွင် အမေရိကန် သံအမတ်ကြီး အသစ်ခန့်ထားရေးကို အတည်ပြုလိုက်ပြီဖြစ်သည်။ အမေရိကန်နှင့် မြန်မာနိုင်ငံ တို့၏ ၂ နိုင်ငံ ဆက်ဆံရေးကို ပုံမှန်အခြေအနေ ပြန်ရောက်ရေးအတွက် အမေရိကန် သမ္မတ ဘားရက် အိုဘားမားက အဆိုပြု ထားသူ မစ္စတာ ဒဲရစ်မစ်ချဲလ်ကို လွန်ခဲ့သည့် သောကြာနေ့က အထက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ခြင်း ဖြစ်သည်။ ဒဲရစ်မစ်ချဲလ်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒရေးရာ ညှိနှိုင်းရေးမှူးနှင့် အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် အဖြစ် တာဝန်ယူခဲ့ရသူလည်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။