သတင်းတို

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ ခွင့် ၃ ရက်တိုင်ကြား

This article has been converted from Zawgyi One to Unicode

ဥရောပ ၅ နိုင်ငံသို့ ၁၇ ရက်တာ ခရီးလှည့်လည်ခဲ့သော NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ခရီးပန်း နွမ်းနယ်မှု ဒဏ်ကြောင့် ဇူလိုင်လ ၄ ရက်နေ့တွင် စတင်ကျင်းပမည့် လွှတ်တော်သို့ တက်ရောက်နိုင်မည် မဟုတ်ဘဲ ခွင့် ၃ ရက် တိုင်ကြားထားပြီး လွှတ်တော်က တရားဝင် ခွင့်ပေးထားကြောင်း၊ ကျန်ရှိ NLD အမတ်များအားလုံး ၄ ရက်နေ့တွင် လွှတ်တော် တက်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင်လ ၉ ရက်နေ့တွင် လွှတ်တော် စတင် တက်ရောက်မည် ဖြစ်ကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အတည်ပြု ပြောဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင် လွှွတ်တော်တက်စဉ်ကာလ နေထိုင်ရန် အိမ်ငှားရမ်းထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

Loading