သတင်းတို
ရခိုင်ပြည်နယ်အရေး မြန်မာအစိုးရကို ကူဝိတ် အပြစ်တင်
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ် ပဋိပက္ခများမှင့် ပတ်သက်၍ ပထမဆုံး အစ္စလမ် နိုင်ငံတခုမှ ဝေဖန်မှုအဖြစ် ကူဝိတ်နိုင်ငံက မြန်မာအစိုးရကို ပြစ်တင်ဝေဖန်လိုက်သည်။ မြန်မာနိုင်ငံတွင် မွတ်စလင်များကို ဖိနှိပ်နေကြောင်း၊ ကူဝိတ်အစိုးရအနေဖြင့် ရှုတ်ချကြောင်း၊ အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံအနေဖြင့် မွတ်စလင်များဘက်မှ ရပ်တည်ပြောဆိုကြောင်း ကူဝိတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရသူက ယမန်နေ့က ပြောဆိုသည်။ ကူဝိတ်ရှိ မြန်မာသံရုံးရှေ့တွင် ကူဝိတ်လွှတ်တော် အမတ်တချို့ဦးဆောင်၍ ဆန္ဒပြခဲ့ကြပြီး ကူဝိတ်ဆိုင်ရာ မြန်မာသံအမတ်ကြီးကိုလည်း ပြန်ပို့ရန် တောင်းဆိုခဲ့ကြသည်။