သတင်းတို
အိုးအိမ် ရုံးရှေ့ လယ်သမား ဆန္ဒပြမှု ထပ်မံဖြစ်ပွား
This article has been converted from Zawgyi One to Unicode
ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ်မှ လယ်ယာမြေများ အသိမ်းခံထားရသော လယ်သမား ၆၀ ကျော်က ရန်ကုန်မြို့ မြို့ရွာနှင့် အိုး အိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနရုံးရှေ့၌ ဆန္ဒပြနေကြောင်း သိရသည်။ ၎င်းတို့သည် အပြင်ပဒံ၊ အတွင်းပဒံ၊ ကျွန်းကလေး၊ ကျွန်းကြီး၊ ကမာပျို စသည့် ကျေးရွာများမှ ဖြစ်ပြီး ယမန်နေ့ နံနက် ၁၀ နာရီဝန်းကျင်မှစတင်၍ သိမ်းဆည်းလယ်မြေများ ပြန်လည်ရရှိရေးအတွက် ည ၉ နာရီကျော်ထိ ဆန္ဒပြနေကြကြောင်း 7 day သတင်းဂျာနယ် ဖေ့စ်ဘုတ်တွင် ဖော်ပြထားသည်။ ၂၀၁၁ ခု အောက်တိုဘာလ အတွင်း ကလည်း ရန်ကုန်တိုင်း တောင်ဒဂုံ ဆိပ်ကမ်းမြို့နယ်နှင့် သန်လျင်မြို့နယ်မှ လယ်သမား ၅၀ ခန့်က သိမ်းဆည်းခံထားရသည့် ၎င်း တို့ လယ်မြေများ ပြန်လည် ရရှိရေးအတွက် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနရုံးရှေ့ တွင် ဆန္ဒပြမှု ဖြစ်ပွားခဲ့သေးသည်။