၁၉၈၈ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ဒုတိယအင်အားကြီးဆုံး ပါတီတရပ်ဖြစ်သည့် လူဘောင်သစ် ပါတီကို တရားဝင်ရပ်တည်ရန် ပြည် တွင်း၌ ပြန်လည် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ အဖွဲ့ဝင်၂၀ ဖြင့် စုစည်းရေး ကော်မတီ တရပ်ကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ပြည်ထောင်စုသားချင်းများ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြ ဌာန်းခွင့် ရရှိရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အနှစ်သာရ ရှိရှိထွန်းကားရေး အခြေခံများအပေါ် ရပ်တည်သွားမည်ဖြစ်ကြောင်း ပြော ရေး ဆိုခွင့်ရှိသူ ကိုသီဟ(ပြည်)က ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။