အစိုးရက နိုင်ငံ တဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၈၀ ကို ယနေ့မှစတင်၍ လွတ်ငြိမ်းခွင့် ပြုလိုက်သည်။ သမ္မတ ၏ လုပ် ပိုင်ခွင့်ဖြင့် လွတ်ငြိမ်းခွင့်ပေးခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသား အကျဉ်းသား ၃၇ ဦး၊ အကျဉ်းသူ ၉ ဦး၊ နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦး တို့ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) အရ လွတ်ငြိမ်းခွင့် ပြုလိုက်ခြင်း ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ လတ်တလော လွတ်မြောက်လာသူများထဲတွင် သရက် ထောင်မှ ကိုသန်းဇော်၊ ကလေးမြို့ အကျဉ်းထောင် မှ ကိုအေးအောင်၊ ကသာထောင်မှ ကိုအောင်အောင်ဦး၊ မြင်းခြံထောင်မှ ကိုအောင်ကျော်မိုး၊ ပြည်မြို့ အကျဉ်းထောင် မှ ကိုပြည့်ဖြိုးအောင် စသည့် နိုင်ငံရေးအကျဉ်းသား ၂၂ ဦး ပါဝင်ကြောင်း သိရသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။